Skip to main content
အကင္ဆိုင္တြင္အလုပ္ရမည္ဆိုသျဖင့္ လိုက္ပါသြားသည့္အမ်ိဳးသမီး ၃ ဦး တရုတ္မယားအျဖစ္ ေရာင္းစားခံရ 
Ads Block

အကင္ဆိုင္တြင္အလုပ္ရမည္ဆိုသျဖင့္ လိုက္ပါသြားသည့္အမ်ိဳးသမီး ၃ ဦး တရုတ္မယားအျဖစ္ ေရာင္းစားခံရ 

တရုတ္ႏိုင္ငံ၊ ေရႊလီၿမိဳ႕ရွိ အကင္ဆိုင္တြင္အလုပ္ရမည္ဟု သူငယ္ခ်င္းျဖစ္သူ၏ စည္းရုံးေျပာဆိုမႈကို ယုံၾကည္မိ၍ လိုက္ပါသြားေသာ အမ်ဳိးသမီး ၃ ဦး တရုတ္မယားအျဖစ္ ေရာင္းစားခံရမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
ျဖစ္စဥ္မွာ ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္၊ ရွမ္းစုႀကီးအုပ္စုေန မ…. (၁၉)ႏွစ္သည္ ႏိုဝင္ဘာလ ၂၈ ရက္၊ နံနက္ပိုင္းက တရုတ္ႏိုင္ငံတြင္ တရုတ္မယားအျဖစ္ ေရာင္းစားခံရၿပီး ျပန္လည္ေရာက္ရွိလာေၾကာင္း သတင္းအရ သက္ဆိုင္ရာတာဝန္ရွိသူမ်ားက သြားေရာက္ေမးျမန္းခဲ့သည္။
ေမးျမန္းခ်က္အရ ၎သည္ ၂၀၁၈ ခုႏွစ္၊ မတ္လပိုင္းက မိသားစုႏွင့္အတူ ေနအိမ္တြင္ရွိေနစဥ္ ၎၏သူငယ္ခ်င္းျဖစ္သူ ေဝယံဦး(ခ)ခမိန္ႀကီးတို႔ သားအမိေရာက္ရွိလာၿပီး ေဝယံဦးမွ ၎အား တရုတ္ႏိုင္ငံ၊ ေရႊလီၿမိဳ႕ရွိ အကင္ဆိုင္တြင္ အလုပ္လုပ္ကိုင္ပါက စရိတ္ၿငိမ္းတစ္လလွ်င္ ေငြ ၃ သိန္းက်ပ္ခန္႔ ရရွိမည္ ျဖစ္ကာ လမ္းခရီးစရိတ္ႏွင့္ အလုပ္ရရွိေစရန္ ၄င္းတို႔မွ အားလုံးတာဝန္ယူေဆာင္ရြက္ေပးမည္ျဖစ္ေၾကာင္း ေျပာဆိုစည္းရုံးခဲ့ေၾကာင္း တြံေတးၿမိဳ႕မရဲစခန္းမွ သိရသည္။
၎ႏွင့္ ေဝယံဦး(ခ)ခမိန္ႀကီးသည္ သူငယ္ခ်င္းမ်ားျဖစ္သလို မိဘခ်င္းကလည္း ရင္းႏွီးေန၍ လုပ္ကိုင္မည္ဟု သေဘာတူခဲ့ၿပီး ၂ ရက္ခန္႔အၾကာတြင္ ေဝယံဦးသည္ ေနအိမ္သို႔ ေရာက္ရွိလာကာ ေျပာဆိုထားသည့္ အလုပ္လုပ္ကိုင္ရန္ လာေရာက္ေခၚေဆာင္သျဖင့္ လိုက္ပါသြားခဲ့ေၾကာင္း သိရသည္။
ထို႔ေနာက္ တရုတ္ႏိုင္ငံ၊ ေရႊလီၿမိဳ႕ရွိ တရုတ္လင္မယားပိုင္ အကင္ဆိုင္တစ္ဆိုင္တြင္ အလုပ္သြင္းေပးခဲ့၍ ထိုအကင္ဆိုင္တြင္ လုပ္ကိုင္ေနစဥ္ ႀကိဳတင္ေငြ ၁၅ သိန္းအား ထုတ္ယူခဲ့ၿပီး ဦးသန္႔ဇင္မွတစ္ဆင့္ မိဘမ်ားထံ ေငြလႊဲပို႔ေပးခိုင္းခဲ့ကာ ယင္းအကင္ဆိုင္တြင္ ၄ လခန္႔ လုပ္ကိုင္ၿပီး မိခင္ျဖစ္သူ ေနမေကာင္းသျဖင့္ ျပန္လာခဲ့ရန္ ေျပာ၍ ေနရပ္သို႔ ျပန္လာခဲ့ေၾကာင္း သိရသည္။
ျပန္ခါနီးတြင္ ဦးသန္႔ဇင္မွ ေနာက္ထပ္လုပ္ကိုင္မည့္ အလုပ္သမားမ်ားရွိပါက ေခၚခဲ့ရန္ႏွင့္ အစစရာရာ အားလုံးတာဝန္ယူေၾကာင္း ေျပာဆိုခဲ့၍ ရြာသို႔ျပန္ေရာက္ေသာအခါ ရြာရွိ ညီမအရင္းျဖစ္သူ မ----- ႏွင့္ သူငယ္ခ်င္းျဖစ္သူ မ----- တို႔အား အလုပ္အကိုင္ေကာင္းေၾကာင္း ျပန္ေျပာျပခဲ့ရာ ယင္းတို႔မွ လုပ္ကိုင္မည္ဟု သေဘာတူသျဖင့္ ျပန္သည့္အခ်ိန္တြင္ လိုက္ခဲ့ရန္ေျပာဆိုခဲ့ေၾကာင္း သိရသည္။
ေနာက္တစ္ေန႔တြင္ ေဝယံဦးႏွင့္ ေဒၚမိကလယ္တို႔ ေနအိမ္သို႔ ေရာက္ရွိလာၿပီး ၎တို႔ ၃ ဦးအတြက္ ေရႊမႏၱလာမွန္လုံယာဥ္ျဖင့္ ရန္ကုန္-မူဆယ္ကားလက္မွတ္ ဝယ္ေပးထားသည္ဟု ေျပာဆို၍ ၂၆.၇.၂၀၁၈ ရက္တြင္ ၎ႏွင့္အတူ ညီမအရင္းျဖစ္သူ မ---- ႏွင့္ သူယ္ခ်င္း မ----- တို႔ ၃ ဦးသည္ ဦးသန္႔ဇင္၏ အစီအစဥ္ျဖင့္ ရြာမွ မူဆယ္ၿမိဳ႕သို႔ သြားေရာက္ခဲ့ေၾကာင္း သိရသည္။
မူဆယ္ကားဂိတ္တြင္ ဦးသန္႔ဇင္ႏွင့္အတူ ၎၏ေနာက္မိန္းမ မပိုပိုႏွင့္ မပိုပို၏သား ေအာင္မိုးေက်ာ္ (ခ)အႀကီးေကာင္တို႔မွ လာေရာက္ေခၚေဆာင္ၿပီး ၎ႏွင့္ သူငယ္ခ်င္း မ----- တို႔အား ၇ ရက္ ယာယီႏိုင္ငံကူး လက္မွတ္ျဖင့္ တရုတ္ႏိုင္ငံ၊ ေရႊလီၿမိဳ႕ရွိ အိမ္တစ္အိမ္သို႔ ေခၚေဆာင္သြားခဲ့ၿပီး ညီမျဖစ္သူ မ-----မွာ (၁၇)ႏွစ္သာရွိေသး၍ ေအာင္မိုးေက်ာ္(ခ)အႀကီးေကာင္က ခိုးဝင္ေပါက္မွတစ္ဆင့္ တရုတ္ႏိုင္ငံ၊ ေရႊလီ ၿမိဳ႕သို႔ ေခၚေဆာင္လာခဲ့ေၾကာင္း သိရသည္။
၎တို႔ ၃ ဦးသည္ အဆိုပါေနအိမ္၌ ၂၀ ရက္ခန္႔ ေနထိုင္ၿပီးေနာက္ ယင္းအိမ္သို႔ တရုတ္အမ်ဳိးသား ၂ ဦး ေရာက္ရွိလာ၍ ဦးသန္႔ဇင္မွ ၎အား အလုပ္ရွင္၏တပည့္မ်ားျဖစ္ၿပီး အလုပ္လုပ္ရန္ လိုက္သြားဟုေျပာ၍ လိုက္သြားခဲ့ေၾကာင္း သိရသည္။
ညီမျဖစ္သူ မ---- ႏွင့္ သူငယ္ခ်င္း မ----တို႔မွာ အဆိုပါေနအိမ္တြင္ က်န္ရစ္ခဲ့ၿပီး ၎သည္ တရုတ္ အမ်ဳိးသား ၂ ဦးႏွင့္အတူ ကားျဖင့္လိုက္ပါလာခဲ့ရာ တိုက္ခန္းတစ္ခုသို႔ ေရာက္ရွိခဲ့ၿပီး အဆိုပါတိုက္ခန္းတြင္ ေနာက္ထပ္ တရုတ္အမ်ဳိးသား ၁ ဦးမွ လာေရာက္ေခၚေဆာင္၍ လိုက္ပါသြားခဲ့ရာ အမည္မသိ ဝက္ေမြးျမဴေရးျခံတစ္ခုသို႔ ေရာက္ရွိသြားၿပီး ထိုတရုတ္အမ်ဳိးသားႏွင့္ အလိုမတူဘဲ လင္မယားအျဖစ္ေပါင္းသင္းခဲ့ရေၾကာင္း သိရသည္။
တရုတ္အမ်ဳိးသားႏွင့္ ေပါင္းသင္းေနစဥ္ ၎အား ဦးသန္႔ဇင္တို႔ထံမွ တရုတ္ေငြ ယြမ္ ၇၀၅၀၀ ျဖင့္ ဝယ္ယူခဲ့ရဟု တရုတ္အမ်ဳိးသားေျပာျပ၍ သိရခဲ့ၿပီး ဦးသန္႔ဇင္၏ တရုတ္ဖုန္းနံပတ္အား ဆက္သြယ္၍ ေမးျမန္းခဲ့ရာ တရုတ္မယားအျဖစ္ ေရာင္းစားခဲ့သည္မွာ မွန္ကန္ေၾကာင္း၊ ၎တို႔ညီမ ၂ ဦးအတြက္ ၃၅ သိန္းႏွင့္ သူငယ္ခ်င္း မ…အတြက္ ေငြ ၃၂ သိန္းကို မိသားစုမ်ားထံ ေငြလႊဲပို႔ေပးထားၿပီး က်န္ေငြမ်ားကို ယင္းတို႔၏ကိုယ္က်ဳိးအတြက္ ရယူသုံးစြဲခဲ့ေၾကာင္း သိရသည္။
သူငယ္ခ်င္းျဖစ္သူ မ.. ႏွင့္ ညီမျဖစ္သူ မ….တို႔၏ တရုတ္ဖုန္းနံပတ္မ်ားရရွိ၍ ဆက္သြယ္ေမးျမန္းခဲ့ရာ တရုတ္အမ်ဳိးသားမ်ားထံ ဇနီးမယားအျဖစ္ ေရာင္းစားခံေနရၿပီး အလိုမတူဘဲ ေပါင္းသင္းေနရေၾကာင္းႏွင့္ မည္သည့္ေနရာသို႔ ေရာက္ရွိေနသည္ကို မသိေၾကာင္း၊ ေနာက္ပိုင္းတြင္ တရုတ္အမ်ဳိးသားမွ ဖုန္း ေပးမကိုင္သျဖင့္ အဆက္အသြယ္ျပတ္ေတာက္ခဲ့ကာ တရုတ္အမ်ဳိးသားႏွင့္ ေပါင္းသင္းေနစဥ္ ၃ လခန္႔ အၾကာတြင္ ယင္းတရုတ္အမ်ဳိးသားအလစ္၌ ထြက္ေျပးခဲ့ေၾကာင္း သိရသည္။
အဆိုပါျဖစ္စဥ္ႏွင့္ ပတ္သက္၍ မ------ တို႔ ၃ ဦးကို တရုတ္ႏိုင္ငံရွိ အကင္ဆိုင္တြင္ အလုပ္ရမည္ဟု စည္းရုံးေျပာဆိုခဲ့ၿပီး တရုတ္မယားအျဖစ္ ေရာင္းစားကာ ရရွိခဲ့သည့္အက်ဳိးအျမတ္ေငြမ်ားကို ေခါင္းပုံျဖတ္ အျမတ္ထုတ္ယူခဲ့ေသာ ဦးသန္႔ဇင္၊ ေဒၚမိကလယ္(ခ)ေဒၚသန္းသန္းျမင့္၊ ေဝယံဦး(ခ)ခမိန္ႀကီး၊ မပိုပို၊ ေအာင္မိုးေက်ာ္(ခ)အႀကီးေကာင္တို႔ ၅ ဦးကို တြံေတးၿမိဳ႕မရဲစခန္းက (ပ)၉၄၈/၂၀၁၈၊ လူကုန္ကူးမႈ တားဆီးကာကြယ္ေရးဥပေဒပုဒ္မ- ၂၈(က) ျဖင့္ စုံစမ္းေနေၾကာင္း သိရသည္။

- ႏိုင္မင္းလြင္(အကုန္သိ သတင္းဌာန)

 

Unicode version

အကင်ဆိုင်တွင်အလုပ်ရမည်ဆိုသဖြင့် လိုက်ပါသွားသည့်အမျိုးသမီး ၃ ဦး တရုတ်မယားအဖြစ် ရောင်းစားခံရ 

တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ အကင်ဆိုင်တွင်အလုပ်ရမည်ဟု သူငယ်ချင်းဖြစ်သူ၏ စည်းရုံးပြောဆိုမှုကို ယုံကြည်မိ၍ လိုက်ပါသွားသော အမျိုးသမီး ၃ ဦး တရုတ်မယားအဖြစ် ရောင်းစားခံရမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်၊ ရှမ်းစုကြီးအုပ်စုနေ မ…. (၁၉)နှစ်သည် နိုဝင်ဘာလ ၂၈ ရက်၊ နံနက်ပိုင်းက တရုတ်နိုင်ငံတွင် တရုတ်မယားအဖြစ် ရောင်းစားခံရပြီး ပြန်လည်ရောက်ရှိလာကြောင်း သတင်းအရ သက်ဆိုင်ရာတာဝန်ရှိသူများက သွားရောက်မေးမြန်းခဲ့သည်။
မေးမြန်းချက်အရ ၎င်းသည် ၂၀၁၈ ခုနှစ်၊ မတ်လပိုင်းက မိသားစုနှင့်အတူ နေအိမ်တွင်ရှိနေစဉ် ၎င်း၏သူငယ်ချင်းဖြစ်သူ ဝေယံဦး(ခ)ခမိန်ကြီးတို့ သားအမိရောက်ရှိလာပြီး ဝေယံဦးမှ ၎င်းအား တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ အကင်ဆိုင်တွင် အလုပ်လုပ်ကိုင်ပါက စရိတ်ငြိမ်းတစ်လလျှင် ငွေ ၃ သိန်းကျပ်ခန့် ရရှိမည် ဖြစ်ကာ လမ်းခရီးစရိတ်နှင့် အလုပ်ရရှိစေရန် ၎င်းတို့မှ အားလုံးတာဝန်ယူဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ပြောဆိုစည်းရုံးခဲ့ကြောင်း တွံတေးမြို့မရဲစခန်းမှ သိရသည်။
၎င်းနှင့် ဝေယံဦး(ခ)ခမိန်ကြီးသည် သူငယ်ချင်းများဖြစ်သလို မိဘချင်းကလည်း ရင်းနှီးနေ၍ လုပ်ကိုင်မည်ဟု သဘောတူခဲ့ပြီး ၂ ရက်ခန့်အကြာတွင် ဝေယံဦးသည် နေအိမ်သို့ ရောက်ရှိလာကာ ပြောဆိုထားသည့် အလုပ်လုပ်ကိုင်ရန် လာရောက်ခေါ်ဆောင်သဖြင့် လိုက်ပါသွားခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ တရုတ်လင်မယားပိုင် အကင်ဆိုင်တစ်ဆိုင်တွင် အလုပ်သွင်းပေးခဲ့၍ ထိုအကင်ဆိုင်တွင် လုပ်ကိုင်နေစဉ် ကြိုတင်ငွေ ၁၅ သိန်းအား ထုတ်ယူခဲ့ပြီး ဦးသန့်ဇင်မှတစ်ဆင့် မိဘများထံ ငွေလွှဲပို့ပေးခိုင်းခဲ့ကာ ယင်းအကင်ဆိုင်တွင် ၄ လခန့် လုပ်ကိုင်ပြီး မိခင်ဖြစ်သူ နေမကောင်းသဖြင့် ပြန်လာခဲ့ရန် ပြော၍ နေရပ်သို့ ပြန်လာခဲ့ကြောင်း သိရသည်။
ပြန်ခါနီးတွင် ဦးသန့်ဇင်မှ နောက်ထပ်လုပ်ကိုင်မည့် အလုပ်သမားများရှိပါက ခေါ်ခဲ့ရန်နှင့် အစစရာရာ အားလုံးတာဝန်ယူကြောင်း ပြောဆိုခဲ့၍ ရွာသို့ပြန်ရောက်သောအခါ ရွာရှိ ညီမအရင်းဖြစ်သူ မ----- နှင့် သူငယ်ချင်းဖြစ်သူ မ----- တို့အား အလုပ်အကိုင်ကောင်းကြောင်း ပြန်ပြောပြခဲ့ရာ ယင်းတို့မှ လုပ်ကိုင်မည်ဟု သဘောတူသဖြင့် ပြန်သည့်အချိန်တွင် လိုက်ခဲ့ရန်ပြောဆိုခဲ့ကြောင်း သိရသည်။
နောက်တစ်နေ့တွင် ဝေယံဦးနှင့် ဒေါ်မိကလယ်တို့ နေအိမ်သို့ ရောက်ရှိလာပြီး ၎င်းတို့ ၃ ဦးအတွက် ရွှေမန္တလာမှန်လုံယာဉ်ဖြင့် ရန်ကုန်-မူဆယ်ကားလက်မှတ် ဝယ်ပေးထားသည်ဟု ပြောဆို၍ ၂၆.၇.၂၀၁၈ ရက်တွင် ၎င်းနှင့်အတူ ညီမအရင်းဖြစ်သူ မ---- နှင့် သူယ်ချင်း မ----- တို့ ၃ ဦးသည် ဦးသန့်ဇင်၏ အစီအစဉ်ဖြင့် ရွာမှ မူဆယ်မြို့သို့ သွားရောက်ခဲ့ကြောင်း သိရသည်။
မူဆယ်ကားဂိတ်တွင် ဦးသန့်ဇင်နှင့်အတူ ၎င်း၏နောက်မိန်းမ မပိုပိုနှင့် မပိုပို၏သား အောင်မိုးကျော် (ခ)အကြီးကောင်တို့မှ လာရောက်ခေါ်ဆောင်ပြီး ၎င်းနှင့် သူငယ်ချင်း မ----- တို့အား ၇ ရက် ယာယီနိုင်ငံကူး လက်မှတ်ဖြင့် တရုတ်နိုင်ငံ၊ ရွှေလီမြို့ရှိ အိမ်တစ်အိမ်သို့ ခေါ်ဆောင်သွားခဲ့ပြီး ညီမဖြစ်သူ မ-----မှာ (၁၇)နှစ်သာရှိသေး၍ အောင်မိုးကျော်(ခ)အကြီးကောင်က ခိုးဝင်ပေါက်မှတစ်ဆင့် တရုတ်နိုင်ငံ၊ ရွှေလီ မြို့သို့ ခေါ်ဆောင်လာခဲ့ကြောင်း သိရသည်။
၎င်းတို့ ၃ ဦးသည် အဆိုပါနေအိမ်၌ ၂၀ ရက်ခန့် နေထိုင်ပြီးနောက် ယင်းအိမ်သို့ တရုတ်အမျိုးသား ၂ ဦး ရောက်ရှိလာ၍ ဦးသန့်ဇင်မှ ၎င်းအား အလုပ်ရှင်၏တပည့်များဖြစ်ပြီး အလုပ်လုပ်ရန် လိုက်သွားဟုပြော၍ လိုက်သွားခဲ့ကြောင်း သိရသည်။
ညီမဖြစ်သူ မ---- နှင့် သူငယ်ချင်း မ----တို့မှာ အဆိုပါနေအိမ်တွင် ကျန်ရစ်ခဲ့ပြီး ၎င်းသည် တရုတ် အမျိုးသား ၂ ဦးနှင့်အတူ ကားဖြင့်လိုက်ပါလာခဲ့ရာ တိုက်ခန်းတစ်ခုသို့ ရောက်ရှိခဲ့ပြီး အဆိုပါတိုက်ခန်းတွင် နောက်ထပ် တရုတ်အမျိုးသား ၁ ဦးမှ လာရောက်ခေါ်ဆောင်၍ လိုက်ပါသွားခဲ့ရာ အမည်မသိ ဝက်မွေးမြူရေးခြံတစ်ခုသို့ ရောက်ရှိသွားပြီး ထိုတရုတ်အမျိုးသားနှင့် အလိုမတူဘဲ လင်မယားအဖြစ်ပေါင်းသင်းခဲ့ရကြောင်း သိရသည်။
တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေစဉ် ၎င်းအား ဦးသန့်ဇင်တို့ထံမှ တရုတ်ငွေ ယွမ် ၇၀၅၀၀ ဖြင့် ဝယ်ယူခဲ့ရဟု တရုတ်အမျိုးသားပြောပြ၍ သိရခဲ့ပြီး ဦးသန့်ဇင်၏ တရုတ်ဖုန်းနံပတ်အား ဆက်သွယ်၍ မေးမြန်းခဲ့ရာ တရုတ်မယားအဖြစ် ရောင်းစားခဲ့သည်မှာ မှန်ကန်ကြောင်း၊ ၎င်းတို့ညီမ ၂ ဦးအတွက် ၃၅ သိန်းနှင့် သူငယ်ချင်း မ…အတွက် ငွေ ၃၂ သိန်းကို မိသားစုများထံ ငွေလွှဲပို့ပေးထားပြီး ကျန်ငွေများကို ယင်းတို့၏ကိုယ်ကျိုးအတွက် ရယူသုံးစွဲခဲ့ကြောင်း သိရသည်။
သူငယ်ချင်းဖြစ်သူ မ.. နှင့် ညီမဖြစ်သူ မ….တို့၏ တရုတ်ဖုန်းနံပတ်များရရှိ၍ ဆက်သွယ်မေးမြန်းခဲ့ရာ တရုတ်အမျိုးသားများထံ ဇနီးမယားအဖြစ် ရောင်းစားခံနေရပြီး အလိုမတူဘဲ ပေါင်းသင်းနေရကြောင်းနှင့် မည်သည့်နေရာသို့ ရောက်ရှိနေသည်ကို မသိကြောင်း၊ နောက်ပိုင်းတွင် တရုတ်အမျိုးသားမှ ဖုန်း ပေးမကိုင်သဖြင့် အဆက်အသွယ်ပြတ်တောက်ခဲ့ကာ တရုတ်အမျိုးသားနှင့် ပေါင်းသင်းနေစဉ် ၃ လခန့် အကြာတွင် ယင်းတရုတ်အမျိုးသားအလစ်၌ ထွက်ပြေးခဲ့ကြောင်း သိရသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မ------ တို့ ၃ ဦးကို တရုတ်နိုင်ငံရှိ အကင်ဆိုင်တွင် အလုပ်ရမည်ဟု စည်းရုံးပြောဆိုခဲ့ပြီး တရုတ်မယားအဖြစ် ရောင်းစားကာ ရရှိခဲ့သည့်အကျိုးအမြတ်ငွေများကို ခေါင်းပုံဖြတ် အမြတ်ထုတ်ယူခဲ့သော ဦးသန့်ဇင်၊ ဒေါ်မိကလယ်(ခ)ဒေါ်သန်းသန်းမြင့်၊ ဝေယံဦး(ခ)ခမိန်ကြီး၊ မပိုပို၊ အောင်မိုးကျော်(ခ)အကြီးကောင်တို့ ၅ ဦးကို တွံတေးမြို့မရဲစခန်းက (ပ)၉၄၈/၂၀၁၈၊ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဥပဒေပုဒ်မ- ၂၈(က) ဖြင့် စုံစမ်းနေကြောင်း သိရသည်။

- နိုင်မင်းလွင်(အကုန်သိ သတင်းဌာန)

အကုန္သိသတင္းဌာန၏ သတင္းမ်ားကုိ ၀င္ေရာက္ဖတ္ရႈေပးမႈအတြက္ အထူးပင္ ေက်းဇူးတင္ပါသည္။